Friday, January 28, 2011

၃၀၀န်းကျင်တို့ ၏အတွေးများ

ဘာရယ်မဟုတ်ပါဘူးကိုယ်လည်းအသက်၃၀နီးတာရယ်၊ကိုယ့်ပတ်ဝန်းကျင်ကအသက်၃၀ပတ်လည်လူတွေရဲ့ အသံတွေကိုကြားရတာများလို့ ဒီစာကိုရေးဖြစ်တာပါ။

တကယ်တော့၃၀ဆိုတဲ့အရွယ်ကလူ့ ဘ၀သက်တမ်းရဲ့တ၀က်နီးပါး။ဥစ္စာဓနကိုဖိဖိစီးစီးရှာဖွေရမယ့်အရွယ်ရောက်နေပြီလေ။ တချို့ လည်းအိမ်ထောင်တွေကျ၊သားသမီးတွေရ၊တချို့ လည်းဘ၀အတွက်သင့်တော်တဲ့သူကိုရှာကြရတဲ့အရွယ်ပါ။အဲဒီမှာကျွန်တော်ပြောချင်တဲ့အဓိကကြောင်းအရာကတော့ဒီအရွယ်မှာအနည်းဆုံးသင့်တင့်တဲ့အတက်ပညာနဲ့ သင့်တင့်တဲ့ဝင်ငွေရှိတဲ့အလုပ်တစ်ခုကိုလက်ဝယ်ရှိသင့်ပြီဆိုတာပါဘဲ။

လူဆိုတာငယ်တုန်းကျောင်းနေစဉ်ကာလမှာတစ်ယောက်ကသိပ်မသိသာပေမယ့်၊အသက်၃၀အရွယ်မှာတော့ဘ၀အခြေအနေတွေကတော်တော်လေးကွဲပြားလာကြပြီလေ။ဟိုလူကတော့စီးပွားရေးလုပ်ပြီးချမ်းသာနေပြီ။ဒီလူကတော့ဘယ်နိုင်ငံမှာဘာရာထူးနဲ့ လခဘယ်လောက်ရနေပြီဆိုတာတွေကကျွန်တော်တို့ လူလတ်ပိုင်းတွေကြားမှာရေပန်းစားနေတဲ့ topics တွေဆိုရင်မမှားပါဘူး။

ဒီpostမှာကျွန်တော်အဓိကရေးချင်တာကလက်ရှိကျွန်တော့်ပတ်ဝန်းကျင်က၃၀ပတ်လည်သူငယ်ချင်းတွေရဲ့ ခံစားချက်၊မျှော်မှန်းချက်တွေပါ။ ဒီနိုင်ငံကိုလာပညာတွေသင်၊အလုပ်တခုရအောင်ရှာ၊သင့်တင့်တဲ့ဝင်ငွေလေးကိုရှာနိုင်လာတော့ကိုယ့်ကိုယ်ကိုအဟုတ်ထင်နေခဲ့မိကြတယ်။ ကိုယ့်တစ်ကိုစာနဲ့ ဗမာပြည်မှာကျန်ခဲ့တဲ့မိသားစုအတွက်ကဟုတ်သလိုလိုရှိနေတာကိုး။ အိမ်ထောင်ပြုလိုက်တော့လည်းလင်ရယ်မယားရယ်shopping လေးထွက်လိုက်၊dinnerလေးစားလိုက်နဲ့ သာသာယာယာပါဘဲ။

အဲနှစ်ယောက်ထဲမဟုတ်တော့ဘဲမိသားစုဆိုတာရှိလာရင်တော့ခေါင်းခြောက်ရပြီဗျ။လစာ၆ထောင်၇ထောင်လောက်ရတဲ့လူတွေအတွက်ကတော့ပြသနာမရှိပေမယ့်ကျွန်တော့်လိုလခ၂ထောင်ဝန်းကျင်ရတဲ့လူအတွက်ကတော့ခက်ခဲပါတယ်။ဒီနိုင်ငံမှာကအရာရာဈေးတက်နေ၊လခတိုးနူန်းကငွေဖောင်းပွမှုနုန်းကိုလိုက်မမှီစတာတွေကလည်းစဉ်းစားရမယ့်အချက်တွေဖြစ်လာပါတယ်။

နောက်တစ်ခုကကိုယ်ကဒီနိုင်ငံမှာနိုင်ငံခြားသားဆိုတော့ဘယ်တော့မှသူ့ နိုင်ငံသားတွေနဲ့ တန်းတူအခွင့်အရေးမရနိုင်ပါဘူး။ နိုင်ငံသားခံရင်တောင်ဧည့်နိုင်ငံသားဘဲဖြစ်မှာဘဲ။ PRဆိုတဲ့Statusကြီးကလည်းအခုအချိန်မှာလုံခြုံမှုမပေးနိုင်တော့ပါဘူး။PRသက်တမ်းတိုးလို့ မရတဲ့အဖြစ်တွေတောင်ကြားလာရပါတယ်။

PR တွေချမပေးတော့တာရယ်။လက်ရှိPRတွေရဲ့ ကလေးကျောင်းလခ၊တခြားBenefitsတွေသူနိုင်ငံသားတွေနဲ့ အဆင့်ကွာအောင်လုပ်ပြစ်တယ်။အလွယ်တကူအိမ်ဝယ်လို့ မရအောင် Initial payment ကို 10%ကနေ20%တိုးပြစ်လိုက်တယ်။ဒါတွေဟာနိုင်ငံခြားသားတွေကိုလက်မခံခြင်လို့ တဖက်လှည့်နဲ့ လုပ်တဲ့အကွက်တွေပါ။

အဲဒီတော့ကျွန်တော်တို့ လည်းစဉ်းစားလာရပါပြီ။နောက်တစ်ခေါက်သက်တမ်းတိုးလို့ မရရင်ဘာလုပ်မလဲဆိုတဲ့ Backup Planတစ်ခုလိုလာပါပြီ။ဗမာပြည်ပြန်မလား။တခြားနိုင်ငံကူးမလား။ဒီမှာဘဲအခြေချမလားဆိုတဲ့အတွေးတွေပေါ့။

ကဲခင်ဗျားရောဘာလုပ်မယ်ဆိုတာပြောခဲ့ပါအုံး??????????????????????????

2 comments:

  1. တခြားနိုင်ငံကူးပြီး အလုပ်ပြောင်းတာ ကောင်းမယ်။ အိန္ဒိယမှာ ဘယာကြော် သွားရောင်းရင် ကောင်းမလား။ တရုတ်မှာ အီကြာကွေး သွားရောင်းရင် ကောင်းမလား။ အော်ဇီမှာ သားပိုက်ကောင်နို့ သွားညှစ်ရင် ကောင်းမလား။ ဘယ်ဟာ ကောင်းမလဲ မသိဘူး။ :D

    ReplyDelete
  2. ပြန်တော့မယ်စိတ်ကူးတာဘဲ

    ReplyDelete