Friday, July 16, 2010

ကိုယ့်ဘ၀ ကိုယ့်အကြောင်း နဲ့ ယမကာ Part 1


အရက်ကိုစသောက်ဘူးတာတော့6တန်းတုံးကဘော်ဒါတစ်ယောက်ကဘားပလက်ပုလင်းထဲသူ့အဖေအရက်ခိုးထည့် ပြီးကျောင်းကိုယူလာလို့ မျှသောက်ကြတာ။ အတန်းပိုင်မိသွားလို့ အုပ်လိုက်ကြီးမိဘခေါ်ခံထိတာမှတ်မိသေးတယ်။ တကယ်စသောက်တော့၁၀တန်းစာမေးပွဲအပြီးဘိုးတော်ကိုယ်တိုင် beer တိုက်တာကစတာပဲ။ စသောက်တုံးကတော့မတည့်လို့ အလက်ဂျီထသဗျ။ နောက်မအလက်ဂျီကှိုငါမနှိင်နှိင်အောင်သောက်မယ်ဆိုတဲ့ဇွဲနဲ့ သောက်တာ ၃လလောက်နေတော့ဘာမှမဖြစ်တော.တာခုချိန်အထိပဲ။


YTU evening Diploma တက်တုံးကတော့ကျောင်းချိန် ၃နာရီမှာ ၂ နာရီဖဲရိုက် ၁နာရီ အရက်သောက် စနစ်နဲ့ တော်တော်အဆင်ပြေခဲ့ဘူးတယ်။ ဖဲနိုင်တဲ့ကောင်အရက်တိုက်ကြေှးဆိုတဲ့စည်းကမ်းနဲ့ ပေါ့။ အဲဒီတုံးကအများဆုံးသွားဖြစ်တာကျောင်းနောက်ကအုတ်တံတိုင်းကိုကျော်ပြီးသွားရတဲ့မင်းဓမစိုက်ကွင်းတွေထဲကထန်းရေဆိုင်ရယ်(အဲဒီတုံးကခုလိုအိမ်ရာစီမံကိန်းတွေမရှိသေးဘူး)။ ကုလားကျောင်းကသဇင်မင်းရယ်ပေါ့။ မှတ်မိသေးတယ်သဇင်မင်းအပေါ်ထက်က special room က ဘုရားစင်နဲ့ ဗျ။ ဘုရားစင်အောက်မှာ အရက်သောက်ပြီးပေါက်ကရလျှောက်ပြော ခဲံ့တာတွေခုချိန်ပြန်တွေး၇င်ကြက်သီးတောင်ထတယ်၊


အဲဒီတုံးကအများဆုံးသောက်ဖြစ်တာ Army Rum နဲ့  Whiskey ပြည်တွင်းဖြစ်တွေများတယ်။ အိမ်နားကကြက်သမားတွေနဲ့ ပေါင်းပြီး BE တော့ ၁ခါသောက်ဘူးတယ်။ (ကြက်သမားဆိုတာကြက်တိုက်တဲ့လူကိုပြောတာနော်း) အဲဒီတုံးကအင်းစိန်ပန်းခြံထဲကဆိုင်မှာသွားသောက်ကြတော့အားပါးပါးတွေ့ လိုက်ရတာဆရာ့ဆရာတွေချည်းပဲဗျာ။ BE ဖန်ခွက်ကြီးနဲ့ တစ်ခွက်ကိုတခါတည်းမော့ပြီးေ၇ ၂ ငုံလောက်ကိုအာစွက်ရုံသောက်တဲ့လေးစားအားကျဖွယ်ဆရာတွေပေါ့။ BE ကိုအားကျမခံorange နဲ့ ရောပြီးကြိက်လိုက် မြေပဲပြုတ်နဲ့ မြည်းလိုက်နဲ့ တော်တော်အ၀င်ကောင်းတာပဲဆိုပြီးလှိမ့်သောက်တော့တာပဲ။


ပြီးမှတရိပ်ရိပ်တက်ပြီးအန်ချင်လာလို့ ဆိုင်နောက်ကအိမ်သာကိုမနည်းရောက်အောင်သွားပြီးလေးဘက်ထောက်အန်ခဲ့ဘူးတယ်။ (သောက်ထားစားထားတာလေးတွေနှမြောသော်ငှားလည်းတက်နိုင်ဘူး) အဲဒီအချိန်ကစပြီးBEဆိုလုံးဝတို့ လို့ မ၇တော့ဘဲ BE ကိုရာသက်ပန်ဖြတ်ဖို့ှဆုံးဖြတ်ခဲ့ပါတော့တယ်။ (မှတ်ချက်း BE ကိုသာဖြတ်ခြင်းဖြစ်ပါသည်။)
ဆက်ရန်